Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။
GSM/WCDMA တွေမှာအသုံးပြုနိုင်ပြီး၁၅၀၀ဖုန်းတွေမှာတော့အသုံးပြုလို့ရနိုင်မရနိုင်ကတော့
သေချာမသိပါဘူး။
အသုံးပြုပုံကတော့ ...
မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီကပို့ထားကြောင်း Message ၀င်ပါတယ်။
မိမိဆီကိုဝင်ထားတဲ့ Voice Mailတွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ
ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကိုနှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။
Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာဖြစ်ပြီး
လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း
Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။
Ref : Thit Htoo Lwin